တစ်ခုခုပေါ့ ရေးခဲ့လို့ရတယ်

10.05.2008
2:30 Pm

လပွတ္တာမှာ ဒုက္ခသည်များ ခိုကိုးနေရာ ၃၀ကျော် ရှိပါတယ်။ တစ်ခုကို လူ ၃၀၀၀ခန့် ရှိတယ်။ တရိပ်ရိပ်နဲ့ တိုးနေဆဲ ဖြစ်ပါတယ်တဲ့။ ပျဉ်စလူမြို့ဟာ အိမ်ထောင်စု ၃၀၀၀ ရှိရာမှာ လူ၃၀၀ ခန့်သာ အသက်ရှင်ပါတယ်။ နေထိုင်စရာ မရှိလို့ တချို့က ကွင်းပြင်တွေမှာ နေထိုင်နေရပါတယ်။ ချက်ပြုတ်စားသောက်ရန် အိုးခွက်ပန်းကန်၊ အဝတ်အစား၊ စောင်၊ တာလပတ်များ အထူးလိုအပ်နေတယ်လို့ သိရပါတယ်။


thanks advanced for ur up-coming news.waiting for it.thanks again.


10.05.2008
3:30 Pm လပွတ္တာ

မနေ့က လပွတ္တာမြို့နယ် ဘိုကုန်းရွာမှာ ရေအဝေမတည့်ရာကစပြီး ပြသနာဖြစ်လို့ မီးသတ် တပ်ရင်းမှူး တစ်ယောက်နဲ့ အခြားတစ်ယောက် ခေါင်းဖြတ်အသတ်ခံရတယ်လို့ သတင်းကြားရပါတယ်။ ဒုက္ခသည်တွေဟာ ဝယ်တာမရောင်း၊ တောင်းတာမပေးရင် ပြဿနာ ရှာကြတာမို့ ရေဝေတာတောင် အစောင့်အကြပ် များစွာထားပြီး ဝေနေရတယ်လို့ သိရပါတယ်။ ဆိုင်ကယ် ကယ်ရီသမားရဲ့ ပြောကြားချက်အရ အဲဒီဘက်မှာ ရွာပေါင်း ၃-၄၀၀ ရှိရာမှာ မုန်တိုင်းဒဏ် အနည်းအကျဉ်းပဲ ခံရပြီး ကျန်ခဲ့တာဆိုလို့ ၅ရွာလောက်သာ ရှိတယ်လို့ ဆိုပါတယ်။


12.05.2008
06 Pm

10 ရက်နေ့ ည ၁၀နာရီမှာ ကျွန်တော် ဘိုကလေးကို သွားကြည့်ပါတယ်။ ဘိုကလေးမှာလည်း ပျက်စီးမှုများတယ်။ လူတွေဟာ မိုးရွာရင် အထုတ်လေးတွေဆွဲပြီး အမိုးအကာ တစ်နေရာကို ပြေးရှာကြရတယ်။ ကျေးရွာတွေဟာ အငုတ်လေးတွေပဲ ကျန်ခဲ့တယ်။ လူသေကောင်တွေ တွေ့နေရဆဲပါ။ လူသေတွေကို သဂြိုလ်ပေးခြင်း မတွေ့ခဲ့ရပါ။ ကိုယ်တိုင် လှူဒါန်းသူတွေကို ပေးမလှူပါ။ သူတို့ဆီမှာ အပ်နှံရတယ်။ လှူဒါန်းပစ္စည်းများ နှောင့်နှေးတာကြောင့် ပျက်စီးယိုယွင်း လေလွင့်တာတွေ တွေ့ရပါတယ်။


ဘိုကလေးမြစ် စက်ဆန်းနားမှာ လူသေကောင်တွေ အများကြီးတွေ့ရပါတယ်။ ဒုက္ခသည်တွေလည်း အများကြီးပါ။ အစိုးရလုပ်နေတာတွေဟာ သိပ်နှေးကွေးပြီး စနစ်မကျတာ တွေ့ရပါတယ်။ ဘိုကလေး ဒုက္ခသည်တွေကိုအတွက် နိုင်ငံတကာက အမိုးအကာတွေ လှူဒါန်းထားပေမယ့် ဆောက်လုပ်ပေးတာ မတွေ့ရဘူး။ ဒီလူတွေကို မြို့ပေါ်မှာ ဆက်နေလို့ မရအောင် လုပ်နေတယ်လို့ မြင်မိတယ်။ ဒီပုံစံ အတိုင်းဆို ဒုက္ခသည်တွေ ဆက်သေနေဦးမှာပဲ။


Gravatar သစ်တောဝန်ကြီးကပြောထားပြီးသားပါ။ အလောင်းတွေကို ဆယ်စရာမလိုပါဘူးတဲ့.. ငါးစားလိုက်ရင် ကုန်သွားပါလိမ့်မယ်တဲ့... မသိရင်မှတ်ထားကြနော်..သြ မှတ်သားလောက်ပါပေတယ်...ဥာဏ်ကြီးရှင်ကြီးများ... ထို့ကြောင့် နိုင်ငံတကာအပါအ၀င် ပူပန်ကြောင့်ကြနေသော ကမ္ဘာသူကမ္ဘာသားများ၊ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများ ပူစရာမလိုတော့ပါလို့ အသိပေးအပ်ပါတယ်...


Gravatar Who are your sources?

Thank you.

E.


Gravatar လပွတ္တာ ပြင်စလူ ကျေးရွာတွင် အိမ်ခြေ ၃၀၀၀ ကျော်ရှိရာ လူသုံးရာခန့်သာ ကျန်ခဲ့ဟု သိရသည်။


Gravatar ဗွိတွတ်ရွာ ကျွန်းအုပ်စု ကန်ပဲ့ရွာ အခြေအနေ ကောင်းသည်။ အခြေပြုနိုင်သည်။ ပတ်ဝန်းကျင် ကျေးရွာများ အကုန်နီးနီး ပြောင်ကုန်၏။ လပွတ္တာနှင့် စက်လှေ ၁နာရီ ခရီးခန့် ရှိသည်။


Gravatar မိဘမဲ့ ကလေးငယ်များ၊ နို့စို့အရွယ် ကလေးငယ်များ ရှိသည်။ ထိုသူများအတွက် နို့မှုန့်ဗူးများ၊ သကြားများလည်း လိုအပ်နေသေးသည်။


Gravatar လေးထပ်ကျောင်း၊ ဂုံညင်းတန်းရွာအုပ်စု၊ ဒုက္ခသည် ၇၁၁ဦး။ ငါးနှစ်အောက် နို့စို့ကလေးစာရင်း ၄၅ဦး၊ မွေးကင်းစ ၁၀ယောက်။


Gravatar လေ့လာတွေ့ရှိချက်အရ အဓိက ပြဿနာက အလှူပစ္စည်းများဟာ ဒုက္ခသည်တွေထံကို အချိန်နဲ့ အလျင်းမီ ရောက်ရှိခြင်း မရှိတာပါပဲ။ မကျွမ်းကျင်တဲ့ လုပ်သားတွေ၊ စီမံခန့်ခွဲမှု ကောင်းကောင်း၊ Plan ကောင်းကောင်း မရှိတာဟာလည်း နှောင့်နှေးမှုတွေရဲ့ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ အာလူး ကြက်သွန်စတဲ့ ပစ္စည်းများကို လက်ခံရယူပြီး မြေကြီးပေါ်မှာ ပုံထားတာကြောင့် လေလွင့် ပျက်စီးမှု အများကြီး တွေ့ရပါတယ်။


Gravatar ကောလဟာလတွေကို အများကြီး သိပ်မယုံကြပါနဲ့။ လက်တွေ့ ဖြစ်ပျက်နေတာတွေကို ကျွန်တော် တွေ့ရှိတဲ့အတိုင်း ပြောပြနေပါမယ်။ ပိတ်ထားတယ် ဆို့ထားတယ် သိမ်းတယ်ဆိုတာတွေက အားလုံး မဟုတ်သေးပါဘူး။ ဒါပေမယ့် ပုံမှန်လမ်းကြောင်း အရဆိုရင်တော့ ဒီအဖြစ်အပျက်တွေက မှန်ပါတယ်။ ဒါပေမယ့် High Profile နဲ့ မသွားဘဲ Low Profile နဲ့ သွားကြဖို့ အကြံပြုလိုပါတယ်။ အ၀တ်အစား ဆင်တူတွေ ၀တ်ပြီး လန်းလန်းလန်းလန်း သွားလုပ်မပြဖို့တော့ လိုတာပေါ့ဗျာ။


Gravatar လပွတ္တာမြို့မှာ ဒုက္ခသည် စခန်း တစ်ခုချင်းစီမှာ လူဦးရေ ၁၀၀၀ လောက် ရှိပါတယ်။ ဒါကြောင့် လှူဒါန်းမယ်ဆိုရင် လူတစ်ထောင်စာ ပြည့်အောင် စုဆောင်းရပါတယ်။


Gravatar နောက်ဆုံး ရောက်ခဲ့တဲ့ အခြေအနေလေးကို တင်ထားပါတယ်
www.soezeya.blogspot.com


Gravatar လပွတ္တာအပ်ဒိတ်...
အလှုရှင်များနှင့် စိတ်ဝင်စားသူများ နှိပ်


Gravatar စိုးဇေယျထွန်းဟာ ကျွန်တော်တို့ အဖွဲ့ ပထမအသုတ်အနေနဲ့ ပြန်လာပါပြီ။ အဲဒီက အခြေအနေ အမှန်တွေကို www.soezeya.blogspot.com မှာ တွေ့နိုင်ပါတယ်။ ဒုတိယအသုတ် ကျွန်တော်တို့ဟာ ဒီနေ့ ချီတက်သွားပါမယ်။ ၂၀ရက်နေ့လောက် ပြန်ရောက်မယ် ထင်ပါတယ်။


Gravatar အမေရိကန်တွေ၊ ဂျာမန်တွေ၊ ဗုတ်တွေ၊ ဒုတ်တွေ ခဏလောက် မေ့ထားကြရင် ကောင်းမယ်ဗျာ။ ဘာမှမသိတဲ့ လူတွေ လျှောက်ပြောနေတဲ့ စကားတွေကလည်း စေတနာပါပေမယ့် မှားနေတာတွေ အများကြီးပဲ။ စိတ်တောင် ပျက်လာတယ်။ တော်ကီတွေ သိပ်မပွားဘဲ အလုပ်လေးတွေနဲ့ သူတို့ကို ကူညီကြဖို့ပဲ လိုတာပါ။ လျှောက်ပြောနေလို့ သူများနိုင်ငံက အကူအညီ ရပ်ဆိုင်းတဲ့အခါ ကိုယ့်လူတွေပဲ ဒုက္ခရောက်မယ် ဆိုတာကို ထည့်တွက်ကြပါ။ ဒီလို ငွေမျိုး ဒီလို ပစ္စည်းမျိုးကို သုံးစားတဲ့ လူမျိုးဟာလည်း သူ့ထိုက်နဲ့သူဒဏ် ခံရမယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။


Gravatar I just came back from Laputta. I'll update the latest news soon. keep in touch.!




Name:

Email:

URL:

Comment:  ? 


 

Commenting by HaloScan