မှတ်ချက်ရေး၊ဆွေးနွေးတဲ့အတွက်ကျေးဇူးပါ

Gravatar (၂)ခုလုံးကို အစ်မရေးခဲ့တာပါ မျက်လုံး...

စာတွေကို အစ်မဘလော့ထဲမှာ ရှာနိုင်ပါတယ်။ သူငယ်ချင်းအပေါ်ထားတဲ့ ကိုယ်သဘောထားက
ကိုယ်ပိုင်ပဲ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိပါတယ်။

မှန်တစ်ချပ်လိုပဲ ကိုယ်ဘယ်လိုပြုမှုရင် တစ်ခြားသူကလည်း ကိုယ်ကိုယ့်ဘယ်လိုပြန်ပြုမှုမှာပါပဲ...

မကောင်းတဲ့ဖက်တွေးရင် ဘယ်လောက်ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ် ဆိုးသွားတာပါပဲ...

ကိုယ့်စိတ်နဲ့ထပ်တူကျတဲ့ သူငယ်ချင်းကောင်းမျိုး တွေ့နိုင်ပါစေလို့း)


Gravatar မနိုင်းနိုင်းရေ...

မတွေ့တာကြာပြီနော ။ (ဂျီတော့မှာလည်း မနိုင်းနိုင်းကို မတွေ့တော့ဘူး။) မနိုင်း ပြန်လာတုန်းက တစ်ခေါက်ပဲ တွေ့လိုက်ရတယ်။ ဟိုတလောက အမ ရန်ကုန်လာတုန်းက မဆုံဖြစ်လိုက်ဘူး ကျွန်တော် တော်တော် မအားတာနဲ့ မလာလိုက်နိုင်ဘူး

စာကိစ္စက ဒီလိုပါ။ ဘယ်သူရေးမှန်း မသိ၊ Source ကိုလည်း မဖော်ပြဘဲနဲ့ Forward ချည်းပဲ လုပ်နေတဲ့သူတွေကိ အမြင်ကပ်လွန်းလို ရေးမိတာပါ။ ကိုယ် ကိုယ်တိုင်ပဲ ရေးသလိုနဲ့ ကိုယ့်ဘလော့နဲ့ Ning လို Social Network Site တွေမှာ ပြန်တင်တဲ့သူတွေကု အမုန်းဆုံးပဲ။ မနိုင်းရဲ့ စာကို ဘယ်သူရေးလဲ သိချင်လို့ ကျွန်တော် ပြန်ရှာကြည့်တော့ ဘယ်သူမှန်းမသိလော်အောင်ကို အများကြီးပဲ ပြန်တင်ထားကြတယ်။ မူရင်းရေးသားသူအတ က် အများကြီး နစ်နာပါတယ်။ ဒါ ကျွန်တော့် အမြင်ပါ။ Search Engine တွေက ရှာတော့ Content တွေက ဖောင်းပွပြီး အကုန်လုံး Page Rank တွေ ကျတာပဲ အဖတ်တင်တယ်။

စာထဲက ကျွန်တော့်အာဘောိစ္စကလည်း ဒီလိုပါ။

အခုခေတ်မှာ လူတွေက တော်တော်လေးကို လည်ကုန်ကြပြီ။ ခံခဲ့ရပေါင်းတွေလ်း များလှပြီကိုး။ ဒီတော့ လူလည်တွေ ဘယ်လိုလုပ်သလဲ ဆိုတာ ကျွန်တော် ပြောပြချင်လို့ပါ ကျွန်တော်ကိုယ်တု င်လည်း လူလည်၊ လူလိမ်၊ လူနပ်တွေရဲ့ အတွေ့အကြုံ၊ သင်ခန်းစာအများကြး ပေးတာကို ခံရဘူးလို့ ရေးရတာပါ။

သူငယ်ချင်းကောင်း စ်ယောက်ရဲ့ လက္ခဏာကို လူလည်တွေက သိတယ်ဗ


Gravatar ဒီတော့ အဲဒီ လက္ခဏာအတိုင်း ဟန်ဆောင်ကောင်းကေ င်းနဲ့ နေရော။ အဲဒါကို မသိတဲ့ အချဉ်တွေက ဟာ..၊ ဒီလူက သူငယ်ချင်းကောင်း လက္ခဏာနဲ့ ပြည့်စုံတယ်ဟ ဆိုပြီး ပုံပြီး ယုံမိရော။ ကဲ... ဘယ်လောက် အန္တရာယ်ကြီးလိုက် လဲ။

လူလိမ်၊ လူရှုပ်တွေဆိုတာဟာ သာမန်လူတွေထက် လူတွေအကြောင်း၊ လူတွေရဲ့ စိတ်၊ လူတွေရဲ့ အမူအကျင့်တွေကို သိကြပါတယ်။ သူတို့ဟာ ဘယ်လိုလူကို အယုံသွင်းချင်ရင် ဘယ်လို လုပ်ရမယ်ဆိုတာ သိကြတယ်။ အဲဒီလို နောက်ကျောကို ဓါးနဲ့ ထိုးမယ့် သူတွေဟာ ပေါ်ပေါ်တင်တင် ဆိုးနေတဲ့ သူတွေထက် အများကြီး ကြောက်စရာ ကောင်းပါတယ်။ ဒါကို ကျွန်တော် အဓိက ပြောချင်တာပါ။

အဓိက အချက်ကတော့ နှစ်ချက်ပါပဲ။ သူများဟာ ကော်ပီကူး Forward လုပ်၊ ကိုယ့်ဆီပြန်တင်လ ပ်နေတဲ့သူတွေကို ချဉ်လို့ ရေးတာပါ။

နောက်တစ်ချက်..၊ ရေးတဲ့ အကြောင်းအရာ အာဘော်က အခုခေတ်မှာ လူတွေဟာ ရိုးရိုးရှင်းရှငးလေးမဟုတ်တော့ဘူး သိပ်ပြီး ရှုပ်ထွေး၊ သိမ်မွေ့စွာ အကောက်ကြံတတ်တဲ့သ တွေဟာ သူငယ်ချင်းဟန်ဆော်နေတတ်တယ်။ ဒီ နှစ်ခုပါပဲ မနိုင်းနိုင်းရေ။

(စကားမစပ်။ ကျွန်တော်က အကောင်းမြင်ဝါဒကိ ရော၊ အဆိုးမြင်ဝါဒကိုော အယုံအကြည်မရှိပါ။ အကောင်း၊အဆိုးဆိုာ အပေါ်ယံပါ။ ခံယူချက်ပေါ်မူတည် ယ်လို့ ထင်ပါတယ်။ သုခဒုက္ခ၊ ဒုက္ခသုခတို့ကို ဘာသာရေးလေ့လာဘူးသ များ သိကြမှာပါ။ အရေးအကြီးဆုံးက အမှန်မြင်ဖို့


Gravatar ပြီးရင် အဲဒီ အမှန်ကို ဆုပ်ကိုင် မထားဖို့ပါ။)

မနိုင်းနိုင်းပေးတဲ့ ဆုတောင်းကတော့ ကျွန်တော့်အတွက် ပြည့်မှာ မဟုတ်ပါ။ ကျွန်တော့်စိတ်နဲ့ ထပ်တူကျတဲ့ သူငယ်ချင်းကောင်းဆိုတာ မရှိနိုင်ပါ။ ဘာလို့လဲဆိုတော့ ကိုယ့်စိတ်ဆိုတာ ခဏလေးပေါင်းမြောက်များစွာအတွင်း အများကြီး ဖြစ်နေတာမို့ ကိုယ်နဲ့ ကိုယ်တောင် ဘယ်တော့မှ ထပ်တူမကျတဲ့အတွက်ပါ။

ဘာပဲ ဖြစ်ဖြစ် မနိုင်းနိုင်းရဲ့ စာလို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ နောင်ကိုလည်း စာတွေ လာဖတ်ပါဦးမယ်။ အမြဲတမ်းတော့ မဖတ်ဖြစ်လို့ အချို့စာတွေ မနိုင်းနိုင်းရဲ့ စာမှန်း မသိပါ။

ဒီနေ့တောင် ဘဏ်တစ်ခုက စာရေးမတစ်ယောက်ရဲ့ စားပွဲမှန်အောက်မှာ ငါအိုသွားသောအခါဆိုတဲ့ မိတ္တူလေးတစ်စောင် တွေ့မိသေးတယ်။

မနိုင်းနိုင်း ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာပါစေခင်ဗျာ...။


Gravatar တော်တော်ကောင်းတယ်။ဒါပေမယ့် သုခဒုက္ခ၊ ဒုက္ခသုခ ဆိုတာကို သိပ်နားမလည်ဘူး။ နဲနဲလောက်ရှင်းပြပါလား။
ကိုယ်တို့ သိသလောက်တော့ အဲဒီ2ခုက မတွဲဘူး။သုခကသုခ၊
ဒုက္ခကဒုက္ခပဲ။ ဒါပေမယ့် သုခကိုသေသေချာချာ အရင်းစစ်ကြည့်ရင်လဲ ဒုက္ခပဲတွေ့ရမှာပဲ။ ဒီနေရာမှာ မတူညီတဲ့
ခြားနားချက်တွေ အများကြီးရှိသေးတယ်။ဒါပေမယ့် ထားပါ။
အဲဒါလေး2ခုကိုပဲ ရှင်းပြပါ။




Name:

Email:

URL:

Comment:  ? 

 

Commenting by HaloScan